
ဖခင်ဖြစ်သူ ဦးရာဇာ ထောင်ကျနေချိန်တွင် အသောက်အစားဖြင့် အချိန်ကုန်နေသော တေဇာသည် ဝတ်ရည်ဆိုသော စာရင်းကိုင်မလေးနှင့် တွေ့သွားချိန်တွင် ချစ်စိတ်ကြောင့် လိမ္မာသွားခဲ့သည်။ ဦးရာဇာထောင်မှလွတ်ခဲ့သော်လည်း အတိတ်ကရရှိထားသော လျှို့ဝှက်စွာသိမ်းထားသော တန်ဖိုးကြီးပစ္စည်း တစ်ခုကြောင့် ကောင်းမွန်စွာ နေထိုင်နေသော ဦးရာဇာနှင့် သားဖြစ်သူ တေဇာတို့မှာ ပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်ရပါသည်။ ကောင်းအောင်နေဖို့ကြိုးစားနေရင်း၊ မကောင်းသောအကြောင်းအရာများကို ကြုံတွေ့လာတဲ့အခါ အခက်အခဲပေါင်းများစွာကိုကျော်ဖြတ်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ….